Pierrot Oral Care Myanmar

Our history

Pierrot ဟာ ဖူးရှီးမား အုပ်စုနဲ့ ပေါင်းစည်းထားတဲ့ စီးပွားရေးအမှတ်တံဆိပ်တခုပါ။

Cantabrian မိသားစုရဲ့ အပြည်ပြည်ဆိုင်ရာကို စီးပွားရေး  အမြင်နဲ့အတူ အရည်အသွေးမြင့်တဲ့ ခံတွင်းစောင့်ရှောက်ရေးထုတ်ကုန်တွေကို ၁၉၄၅ ခုနှစ်ကတည်းက စတင် ထုတ်လုပ်ခဲ့တာပါ။

ယခုအခါမှာတော့ Pierrot ဟာ တောင့်တင်းခိုင်မာတဲ့ Global Brand တစ်ခုအဖြစ် နိုင်ငံပေါင်း ၅၀ ကျော်မှာ ရပ်တည်နေပြီး အနာဂတ်မှာ နိုင်ငံတကာ၌ ကျယ်ပြန့်ကြီးထွားလာဖို့ ပြင်းပြတဲ့ ရည်မှန်းချက်တွေ ထားရှိထားပါတယ်။

ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် Dental Hygienists HIDES စပိန်လူမှုအဖွဲ့အစည်းရဲ့ အသိအမှတ်ပြုမှုကို ရရှိထားပါတယ်။

ဒါ့အပြင် အရည်အသွေးအာမခံချက်အဖြစ် AENOR’s ISO 9001 certificate ကိုလည်း ရရှိထားပြီး Cantabria ဒေသမှာ နိုင်ငံတကာအမြင် အရှိဆုံး ကုမ္ပဏီဆုကို လည်း လက်ခံရရှိထားပါသေးတယ်။

Our philosophy

Pierrot အနေနဲ့ ခံယူထားတဲ့ ကျွန်တော်တို့ရဲ့ အဖိုးအတန်ဆုံးအရည်အချင်းကတော့ အသစ်သစ်သော ခံတွင်းစောင့်ရှောက်မှု ထုတ်ကုန်တွေအတွက် သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် တွေမှာ နေ့စဉ်နေ့တိုင်း အကောင်းဆုံး အားထုတ်ပေးဆပ်ခြင်းပဲ ဖြစ်ပါတယ်။

အခြားသော အမှတ်တံဆိပ်လို မဟုတ်ဘဲ Pierrot ဟာ လူရဲ့ကျန်းမာရေးကို ထင်သာမြင်သာရှိမဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းမဲ့ ထုတ်ကုန်တွေကိုသာ ရောင်းချခြင်းအားဖြင့် သုံးစွဲသူတွေရဲ့ တကယ့်လိုအပ်ချက်ကို ဖြေရှင်းပေးဖို့ ကြိုးစားလျက်ရှိပါတယ်။